Our Blog
24.08.2022
7 Keys to
Impactful Innovation
23.08.2022 က SkillEdge Academy နှင့် British Chamber of Commerce တို့ ပူးပေါင်းပြီး ကျင်းပပြုလုပ်ခဲ့တဲ့ webinar ကို တက်ရောက်ဆွေးနွေးသူ ၁၀၀ ကျော်ကို အထူးကျေးဇူးတင်ပါတယ်။ Positive feedback တွေကြောင့်လည်း ပီတိဖြစ်ရပါတယ်။ Webinar ရဲ့အနှစ်ချုပ်ကို အခု post မှာပြန်မျှဝေပေးလိုက်ပါတယ်။
၁. identity: မိမိသည် creative ဖြစ်သည့်လူတစ်ယောက်ဖြစ်ကြောင်းမှတ်ယူယုံကြည်ထားပါ။
၂. imagination: စိတ်ကူးယဉ်ပါ။ စိတ်ကူးများကိုဘောင်ခတ်မထားပါနှင့်။
၃. inspiration: မိမိ၏ craft (သို့) တီထွင်ရသည့် အလုပ်ကို တစိုက်မတ်မတ်ပုံမှန်လုပ်ပါ။ သက်ဝင်ဖန်တီးနိုင်စွမ်း (inspiration) ကနောက်မှလိုက်ပါမယ်။
၄. inquiry: စဉ်ဆက်မပျက် စူးစမ်းလေ့လာပါ။ T လိုလူ ဖြစ်အောင် မိမိ craft အပြင်အခြားသော ဘာသာရပ်များကိုလည်းစူးစမ်းလေ့လာပါ။ https://fb.watch/f5wvCtyAYB/
၅. improvisation: အခြားသူများနှင့် စုပေါင်းတီထွင်ရာတွင် လက်တန်းဖော်ဆောင်နိုင်စွမ်းကို အသုံးပြုပါ။
၆. intuition: အာရုံခံအဖြေရှာနိုင်စွမ်း တက်လာအောင် သတိပဌါန်လေ့ကျင့်ပါ။
၇. integration ဘာသာရပ်နှင့် ကိစ္စရပ်များကို ခြုံငုံစဉ်းစားပြီး ပေါင်းစည်းတီထွင်ပါ။
05.08.2022
“ထိရောက်မှန်ကန် တီထွင်ဥာဏ် အတွက် သော့ချက် (၇) ချက်”
လုပ်ငန်းခွင်မှာ အကြံဥာဏ်ကောင်းတွေ ထွက်မလာလို့ စိတ်ညစ်နေပါသလား။
မိမိကိုယ်တိုင် အတွက်ရော ဝန်ထမ်းတွေအတွက်ပါ ထိရောက်တဲ့ တီထွင်ဖန်တီးမှုတွေ ဖြစ်ပေါ်လာဖို့ ဘာတွေပြုလုပ်ဖို့လိုပါသလဲ။ ထိရောက်တဲ့ တီထွင်ဖန်တီးမှုတွေရဲ့ အဓိကလိုအပ်တဲ့ သော့ချက်တွေကို လေ့လာဖို့ “7 Keys to Impactful Innovation” webinar ကို အခုပဲ sign up လုပ်လိုက်ပါ။
Register Link - https://tinyurl.com/msh9zrcy
ဒီ webinar ကို SkillEdge Academy ၏ CEO နှင့် Co-founder စိုင်းဝန်းဆိုင် ကဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ စိုင်းဝန်းဆိုင် ဟာ ယခင်က Yoma Strategic Holdings ၏ Chief Learning Officer (CLO) အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ရိုးမဘဏ် ၏ Head of Learning and Development အဖြစ် တာဝန်ထမ်းဆောင်စဥ်က Design Thinking နည်းစနစ်ဖြင့် သင်တန်းများအား ပုံဖော်-တည်ဆောက်-ပို့ချခဲ့ခြင်းကြောင့် Myanmar Employer Awards တွင် ၂၀၁၇၊၂၀၁၈ (၂)နှစ် ဆက်တိုက် Best Learning & Development Award အား ဆွတ်ခူးရရှိခဲ့တဲ့ ဌါနအား ဦးဆောင်ခဲ့သူဖြစ်သည်။ Emporia State University တွင် MBA ဘွဲ့များကို ရရှိခဲ့ပြီး East-West Center (Hawaii) တွင် Asia-Pacific Leadership Program (APLP) ကို တက်ရောက်ခဲ့ပြီး Executive Education ကို Harvard University တွင် ဆည်းပူးလေ့လာခဲ့ပါသည်။
SkillEdge Academy တွင်၂၅ နှစ်ကျော် ပြည်တွင်း၊ ပြည်ပလုပ်ငန်း အတွေ့အကြုံများနှင့် ဆည်းပူးလေ့လာခဲ့သော ပညာများအပေါ်အခြေခံပြီး မဟာဗျူဟာမြောက် ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု၊ တီထွင်ဖန်တီးမှုနှင့် အရောင်းစွမ်းရည်များကို နိုင်ငံတကာအဆင့်မီ လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ပေါက်လာစေရန်နှင့် ပျော်ရွှင်စရာကောင်းပြီး၊ စွမ်းဆောင်ရည် မြင့်မားသော လုပ်ငန်းခွင်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ သင်ကြားပို့ချလျက်ရှိပါသည်။